သံဖြူဇရပ်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ 
သံဖြူဇရပ်မြို့နယ် အားကစားပြိုင်ကွင်းအတွင်း မွန်ပြည်နယ်အစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ  (အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ ညနေ ၃ နာရီခွဲက စတင်ကျင်းပခဲ့သည်။ 
နယ်လှည့်စာကြည့်တိုက်နှင့် တိုင်းရင်းဆေးအသိပညာပေးခြင်း မိုးကောင်းမြို့နယ် မန်ရွက်ကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်
မိုးကောင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနတို့ ပူးပေါင်း၍ နယ်လှည့်စာကြည့်တိုက်နှင့် တိုင်းရင်းဆေးအသိပညာပေး ကွင်းဆင်းဆောင်ရွက်ခြင်းကို မန်ရွက်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ယနေ့ နံနက် ၁၁ နာရီခွဲတွင် ဆောင်ရွက်ခဲ့သည်။ 
အဋ္ဌမအကြိမ် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့  ပထမအစည်းအဝေး ကျင်းပ
အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်အဖွဲ့ ပထမအစည်းအဝေးကို ယနေ့ နံနက် ၈ နာရီတွင် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊  သီရိမင်္ဂလာ ကမ္ဘာအေး ကုန်းမြေရှိ ဆဋ္ဌသင်္ဂါယနာ မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပသည်။
ပလက်ဝတံတားစီမံကိန်းတွင် အသုံးပြုရန် လိုအပ်သောသံပေါင်များ တင်ဆောင်လာသည့် ရေယာဉ်တစ်စီးအား AA သောင်းကျန်းသူအဖွဲ့က မီးရှို့ခဲ့
ပလက်ဝတံတားစီမံကိန်းတွင် အသုံးပြုရန် လိုအပ်သော သံပေါင်များ တင်ဆောင်လာသည့် ရေယာဉ်တစ်စီးအား ယနေ့နံနက်ပိုင်းတွင် AA သောင်းကျန်းသူအဖွဲ့က မီးရှို့ခဲ့ကြောင်း သိရသည်။
ရန်ကုန်စာအုပ်လမ်းတွင် ကလေးစာပေစာအုပ်များ လာရောက်ဝယ်ယူသူများပြား
ရန်ကုန်စာအုပ်လမ်းတွင် နွေရာသီကျောင်းပိတ်ရက်၌ ကလေးစာပေစာအုပ်များ လာရောက်ဝယ်ယူသူ များပြားလျက်ရှိသည်။ 
ဒုတိယဝန်ကြီး ဦးအောင်လှထွန်း ကျောင်းသုံးပြဋ္ဌာန်းစာအုပ် ရိုက်နှိပ်ပြီးစီးမှု အခြေအနေများ ကြည့်ရှုစစ်ဆေး
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းသည် မတ် ၁၆ ရက် နံနက် ၉ နာရီတွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် မန္တလေးတိုင်းဒေသကြီး ပုံနှိပ်နှင့်ထုတ်ဝေသူ လုပ်ငန်းရှင်များမှ တင်ဒါလက်ခံရယူ ဆောင်ရွက်နေသည့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ် ရိုက်နှိပ်ပြီးစီးမှု အခြေအနေများကို  အဆိုပါပုံနှိပ်တိုက်များသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။