အမာမူလတန်းကြိုကျောင်းတွင် မီးဘေးအန္တရာယ်ကာကွယ်ရေး လက်တွေ့မီးငြှိမ်းသတ် သရုပ်ပြ

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်အမာမြို့ လူမှုဝန်ထမ်းဦးစီးဌာန အမာမူလတန်းကြို ကျောင်းဆရာမကြီး ဒေါ်နွယ်နီနှင့် အမာမီးသတ်စခန်းမီးသတ်ဦးစီးမှူး ဖြိုးကိုကိုဦးတို့ ပူးပေါင်းပြီး မူကြိုကလေးငယ်များနှင့် ဆရာမများ မီးဘေးအရေးပေါ်ကြုံတွေ့လာပါက မီးငြှိမ်းသတ်နိုင်စေရန် ယနေ့ နံနက် ၉ နာရီခွဲက မူလတန်းကြိုကျောင်းရှေ့တွင် လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြခဲ့ကြောင်း သိရသည်။
မန္တလေးသသင်္ကြန်တွင် လက်တွန်းလှည်း၊ ဗန်းရွက်ရောင်းချသူမျာအား ဈေးရောင်းချခွင့် လိုင်စင်ထုတ်ပေးမည်ဖြစ်ပြီး လိုင်စင်မရှိဘဲရောင်းချသည့် ဈေးသည်များအား အရေးယူသွားမည်
မန္တလေးသသင်္ကြန်ပွဲတော်တွင် လက်တွန်းလှည်း၊ ဗန်းရွက်ရောင်းချသူမျာအား ဈေးရောင်းချခွင့် လိုင်စင်ထုတ်ပေးမည်ဖြစ်ပြီး လိုင်စင်မရှိဘဲရောင်းချသည့် ဈေးသည်များအား အရေးယူသွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။ 
ရစ်ပြင်ကျေးရွာ၌ နွေရာသီကာလ သောက်သုံးရေ ဖူလုံစေရေး အဝီစိစက်ရေတွင်း တူးဖော်ပေး
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ရစ်ပြင် ကျေးရွာ၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခွင့်ပြုရန်ပုံငွေကျပ်  ၂၃ ဒသမ ၂၀၇၀ သန်းဖြင့် ......
ယခုနှစ် မန္တလေးတွင် ပြည်ထောင်စု သင်္ကြန်အဖြစ် တိုင်းရင်းသားများ စုစည်းကျင်းပရန် နေရာတစ်နေရာ ပေးမည်
၂၀၁၉ ခုနှစ်တွင် ကျရောက်မည့် မဟာသင်္ကြန်တွင် မန္တလေးမြို့၌ ပြည်ထောင်စုသင်္ကြန်အဖြစ် တိုင်းရင်းသားများ တစုတစည်းတည်း လမ်းလျှောက်သင်္ကြန် ကျင်းပနိုင်ရန်-----
ရခိုင်ပြည်နယ် ကျေးရွာဖွံ့ဖြိုးရေးစီမံချက် ရေးဆွဲဆောင်ရွက်ရန် နိုင်ငံတော်က ကျပ်သန်း ၁၄၀ဝ ကျော် ထောက်ပံ့
၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ရခိုင်ပြည်နယ်ရှိ ကျေးရွာပေါင်း (၁၄၁)ရွာ၌ ကျေးရွာ ဖွံ့ဖြိုးရေး စီမံချက် လုပ်ငန်းများ ဆောင်ရွက်ရန် နိုင်ငံတော်က ငွေကျပ် သန်း(၁၄၁၀) ထောက်ပံ့ ပေးခဲ့ကြောင်း ရခိုင်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
စာမေးပွဲဖြေဆိုခွင့်ကတ် မေ့ကျန်ခဲ့သည့် ကျောင်းသူတစ်ဦးအား ယာဉ်ထိန်းရဲမှ အချိန်မီကူညီနိုင်ခဲ့
ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနတွင် တက္ကသိုလ်ဝင် စာမေးပွဲ ဒုတိယမြောက်နေ့ အင်္ဂလိပ်စာဘာသာဖြေဆိုမည့် ကျောင်းသူတစ်ဦးသည် --------
ဧရာဝတီတိုင်းဒေသကြီးရှိ လယ်တဲတစ်လုံး တောဆင်ရိုင်းဖျက်ဆီးခံရ
ဧရာဝတီတိုင်းဒေသကြီး၊ ရွှေသောင်ယံမြို့၊ အမှတ်(၁)ရပ်ကွက်အပိုင် လယ်တောအစပ်ရှိ လူနေတဲတစ်လုံးအား ယမန်နေ့ ည (၁၁) နာရီ အချိန်ခန့်က တောဆင်ရိုင်းတစ်ကောင် ဝင်ရောက်ဖျက်ဆီးခံရ၍ ၍ တဲအဖီအမိုးများ ပျက်စီးခဲ့ကြောင်း သိရသည်။