စာခမ်း-ဟော်ယောလမ်း ၅ မိုင် ကျောက်ခင်းခြင်းလုပ်ငန်းအား ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအတွင်း ပြီးစီးအောင် ဆောင်ရွက်မည်

ဗန်းမောက်မြို့နယ်အတွင်းရှိ စာခမ်း-ဟော်ယောလမ်း ၅ မိုင် ကျောက်ခင်းခြင်းလုပ်ငန်းအား ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအတွင်း ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကာ ပြီးစီးမှုမရှိပါက ကုမ္ပဏီနှင့် ဒါရိုက်တာအဖွဲ့ဝင် အားလုံးအား (Black List) ကြေညာ၍  စာချုပ်ပါ စည်းမျဉ်း စည်းကမ်းအတိုင်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ပြောသည်။
Physical Education Seminar ကျင်းပနိုင်ရေးညှိနှိုင်းအစည်းအဝေးကျင်းပ 
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့် Physical Education Seminar ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို
ရခိုင်ပြည်နယ်အတွင်း နွေရာသီကာလ သောက်သုံးရေပြတ်လပ်မှုများ ဖြစ်ပေါ်လာပါက ကူညီပေးနိုင်ရန် စီစဉ်ဆောင်ရွက်ထား
ရခိုင်ပြည်နယ်အတွင်းရှိ ကျေးရွာများတွင် သောက်သုံးရေအတွက် ရေတွင်း၊ ရေကန်များကိုသာ အဓိကအားထား အသုံးပြုလျက်ရှိရာ ယခုနှစ်နွေ ရာသီကာလအတွင်း အယ်လ်နီညိုရာသီဥတု ဖြစ်စဉ်ဖြစ်ပွားပြီး သောက်သုံးရေရှားပါးမှု ဖြစ်စဉ်များပေါ်ပေါက်လာပါက ကူညီပေးနိုင်ရန် ရေသန့်စင်ကားနှင့် ရွှေ့ပြောင်းရေသန့်စင်စက်များ စီစဉ်ဆောင်ရွက်ထားကြောင်း ရခိုင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ သိရသည်။
ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ အစည်းအဝေးကျင်းပ
ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီသည် လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသော လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဥပဒေကြမ်း၊ လောင်းကစားဥပဒေကြမ်းတို့နှင့် စပ်လျဉ်းသည့် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုလွှတ်တော် D ဆောင်၊ ဒုတိယထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 
စီမံကိန်းနှင့် အရအသုံး ခန့်မှန်းခြေငွေစာရင်းဆိုင်ရာ တွေ့ဆုံရှင်းလင်းပွဲကျင်းပ
စီမံကိန်းနှင့် အရအသုံး ခန့်မှန်းခြေငွေစာရင်းဆိုင်ရာ တွေ့ဆုံရှင်းလင်းပွဲကို ယနေ့ နံနက် ၁၀ နာရီက နေပြည်တော် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၌ ကျင်းပသည်။ 
(၁၇)ကြိမ်မြောက် ကွန်ပျူတာအသုံးချမှုဆိုင်ရာ နိုင်ငံတကာစာတမ်းဖတ်ပွဲနှင့် (၁၁)ကြိမ်မြောက် ကွန်ပျူတာနှင့် ဆက်သွယ်ရေး အနာဂတ်နည်းပညာ နိုင်ငံတကာစာတမ်းဖတ်ပွဲ ကျင်းပ
 (၁၇)ကြိမ်မြောက် ကွန်ပျူတာအသုံးချမှုဆိုင်ရာ နိုင်ငံတကာ စာတမ်းဖတ်ပွဲနှင့် (၁၁)ကြိမ်မြောက် ကွန်ပျူတာနှင့် ဆက်သွယ်ရေး အနာဂတ် နည်းပညာ နိုင်ငံတကာ စာတမ်းဖတ်ပွဲများကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ပြည်လမ်းရှိ နိုဗိုတယ်ဟိုတယ်၌ ကျင်းပသည်။
ရုပ်ရှင်ကဏ္ဍ အပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေး 
မြန်မာနိုင်ငံ၏ ရုပ်ရှင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စရပ်များ ဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲရှိ ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ အစည်းအဝေးခန်းမ၌ ကျင်းပသည်။