အင်္ဂပူမြို့နယ်တွင် နန်ကသူဆည်ရေဖြင့် နွေစပါးများကို ယခင်နှစ်များထက် အောင်မြင်စွာ စိုက်ပျိုးလျှက်ရှိ
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် အင်္ဂပူမြို့နယ်တွင် နန်ကသူရေလှောင်တမံမှ နန်ကသူ ဆည်ရေဖြင့်နွေစပါး(၅၂၀ဝ)ဧကကို စိုက်ပျိုးရန်လျာထားပြီး ကွင်းကောက် ဒေသ အတွင်းရှိကျေးရွာအုပ်စု(၁၄)အုပ်စုကို စိုက်ပျိုးရေများပေးဝေ လျှက်ရှိကြောင်း သိရသည်။








