ကျောက်ပန်းတောင်းမြို့နယ်ရှိ ရှေးဟောင်းဘုရားစေတီပုထိုးများအား စုပေါင်းသန့်ရှင်းရေး ပြုလုပ်
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် ရေဆုံးကျေးရွာရှိ ရှေးဟောင်းဘုရားစေတီ ပုထိုးများတွင် သန့်ရှင်းသပ်ရပ်မှုရှိစေရန်နှင့် ပြုပြင်ရန်လိုအပ်လျက်ရှိသည့် ဘုရားစေတီပုထိုးများအား အဆင်ပြေစွာ ပြုပြင်မွမ်းမံ ပြင်ဆင်သွားနိုင်ရန် ရည်ရွယ်၍ ယခုလ ပထမပတ်က ပုဂံမြို့မှ ပရဟိတအဖွဲ့ဝင်များက စုပေါင်း၍ ပြည်သူ့အကျိုးပြု သန့်ရှင်းရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။







