တောင်ငူမြို့နယ်၌ နွေစပါးဧက ၁၉၂၇၂ စိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၌ နွေစပါးစိုက်ပျိုးခြင်း စွမ်းအားတိုးတက်မြင့်မားရေးအတွက် နွေစပါးစိုက်ပျိုးခြင်းကို ဆည်ရေ၊ လျှပ်စစ်ရေတင်စနစ်၊ ရေစုပ်စက်စနစ်နှင့် မြေအောက်ရေစနစ်တို့ဖြင့် ဆောင်ရွက်လျက်ရှိရာ ယခုနှစ် နွေစပါးဧက ၁၉၂၇၂ စိုက်ပျိုးရန်လျာထားပြီး မတ်လအတွင်း ဧက ၉၀၀၀ ကျော်စိုက်ပျိုးပြီးစီးကြောင်းနှင့် လျာထားစိုက်ဧကများ အားလုံးပြီးစီးအောင် ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း၊ စပါးအထွက်နှုန်းကောင်းမွန်သည့် ရက် ၉၀၊ နှံကောက်၊ ဆင်းသုခ စပါးမျိုးများစိုက်ပျိုးရန်လျာထားပြီး စိုက်ပျိုးနည်းစနစ်အရ ကောက်စိုက်စက်၊ မျိုးစေ့ချကိရိယာ၊ ပျိုးထောင်စိုက်ပျိုးနည်း စနစ်များဖြင့် စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကျိုင်းတုံမြို့နှင့် ကျိုင်းတုံ-မိုင်းဖြတ်ကားလမ်းတစ်လျှောက် ဒေသထွက် စတော်ဘယ်ရီသီးများ လှိုင်လှိုင်ပေါ်ကာ ဈေးကောင်းရလျက်ရှိ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ် တောင်ပေါ်ဒေသနှင့် မြေပြန့်ဒေသများရှိ ဒေသခံ တိုင်းရင်းသားများ စိုက်ပျိုးထားသည့် စတော်ဘယ်ရီသီးများ လှိုင်လှိုင်ပေါ်၍ ကျိုင်းတုံမြို့နှင့် ကျိုင်းတုံ-မိုင်းဖြတ် ပြည်ထောင်စုကားလမ်းမကြီး ဘေးဘယ်ညာတစ်လျှောက် ရောင်းချလျက်ရှိရာ ဈေးကောင်းရလျက်ရှိကြောင်း သိရသည်။
ကမ္ဘာတွင် မြန်မာနိုင်ငံ ရေခဲတောင်ဒေသ နောင်မွန်ဧရိယာ၌သာတည်ရှိသည့် ဖက်ချေနို့တိုက်သတ္တဝါ ရှင်သန်လျက်ရှိ

 

တန့်ဆည်မြိုနယ်၊ ကံထူးမကျေးရွာတစ်ခုလုံးကို လုံခြုံရေးတပ်ဖွဲဝင်များက မီးရှိဖျက်ဆီးနေ ကြောင်း သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ
mdn
အသက် ၁၈ နှစ်နှင့် ၃၅ နှစ်အကြား ရခိုင်လူငယ်များအား ရန်ကုန်မှ ရခိုင်သို လေယာဉ်ဖြင့် သွားလာခွင့်ပိတ်ပင် ကန့်သတ်ထားကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ
mdn
ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တာချီလိတ်မြို့ရှိ ကုန်သွယ်မှုလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

 

ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး ညောင်ဦးခရိုင် ခရီးစဉ်ဒေသ စီမံခန့်ခွဲရေးအဖွဲ့နှင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များအားတွေ့ဆုံ

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၅