ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ဗဟိုသင်တန်းကျောင်း(သုဝဏ္ဏ)တွင် “ကွန်ပျူတာ အခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၃)နှင့် အကြီးတန်းစာရေး၊ အငယ်တန်းစာရေး ရုံးလုပ်ငန်း(မွမ်းမံ) သင်တန်းအမှတ်စဉ် (၂/၂၀၂၃)” သင်တန်းဖွင့်ပွဲ တက်ရောက်
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဗဟိုသင်တန်းကျောင်း (သုဝဏ္ဏ)တွင် ကွန်ပျူတာအခြေခံ သင်တန်းအမှတ်စဉ် (၁/၂၀၂၃)နှင့် အကြီးတန်းစာရေး၊ အငယ်တန်းစာရေး ရုံးလုပ်ငန်း(မွမ်းမံ) သင်တန်းအမှတ်စဉ် (၂/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ဗဟိုသင်တန်းကျောင်း(သုဝဏ္ဏ)၌ ကျင်းပရာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနကြီးမှူးများ၊ ဗဟိုသင်တန်းကျောင်း(သုဝဏ္ဏ) ကျောင်းအုပ်ကြီးနှင့် သင်တန်းဆရာ/ ဆရာမများ၊ တာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။