စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ်၊ မိုးရာသီငါးမျိုးစိုက်ထည့်ပွဲ အခမ်းအနား ကျင်းပ 

နာမည်ကျော် ဆင်စခန်းတစ်ခုဖြစ်သော ပလင်းကမ်းသာယာဆင်စခန်းသို့ ရုံးပိတ်ရက်များတွင် ရန်ကုန်မှ လာရောက်သူများပြား

ဘားအံမြို့နယ်နှင့် မဟာအောင်မြေမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
ဘားအံမြို့နယ်နှင့် မဟာအောင်မြေမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှသိရသည်။
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို ကျွန်းစုမြို့နယ်အတွင်း ဆောင်ရွက်မည့် Hydro နှင့် Solar စီမံကိန်းအတွက် ရှင်းလင်းတင်ပြသည့် အခမ်းအနားသို့ တက်ရောက်
ကျွန်းစုမြို့နယ်အတွင်း ဆောင်ရွက်မည့် Hydro နှင့် Solar စီမံကိန်းအတွက် အကြိုစူးစမ်းလေ့လာမှုလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် F.S Report အား New Myanmar Renewable Energy Co., Ltd က လာရောက်တွေ့ဆုံ ရှင်းလင်းတင်ပြသည့်အခမ်းအနားကို ဇွန် ၂၇ ရက် မွန်းလွဲပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
မင်းဘူးခရိုင်၌ လယ်ကြားမြောင်းတူးဖော်၍ စိုက်ပျိုးရေ ရယူစိုက်ပျိုးရန် တောင်သူအသိပညာပေး
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက ဆည်ရေသောက် ဧရိယာအတွင်းရှိ ဒေသခံတောင်သူများအနေဖြင့် ဆည်ရေကို ရယူစိုက်ပျိုးရာတွင် ပိုမိုလွယ်ကူအဆင်ပြေစေရန်နှင့် ဆည်ရေအလေလွင့် ဆုံးရှုံးမှုနည်းပါးစေရေး လယ်ကြားမြောင်းများ တူးဖော်၍ ရေရယူစိုက်ပျိုးရန် တောင်သူအသိပညာပေးခြင်း အစီအစဉ်ကို ဇွန် ၂၇ ရက်က ပွင့်ဖြူမြို့နယ်၊ တောင်အင်းကျေးရွာရှိ အေးမေတ္တာဓမ္မာရုံ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရန်ကုန်နည်းပညာတက္ကသိုလ်၌ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနှင့် ရာသီဥတုပြောင်းလဲမှု လျှော့ချစေရန် ရည်ရွယ်၍ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ဇွန် ၂၈ ရက် နံနက်ပိုင်းက  ရန်ကုန်နည်းပညာတက္ကသိုလ် ဝင်းအတွင်း ကျင်းပခဲ့သည်။