ကျိုင်းတုံမြို့၌ တစ်နှစ်လျှင် တစ်ရက်သာ ကျင်းပသည့် စော်ဘွားဈေးနေ့ လာရောက်လည်ပတ်သူများဖြင့် စည်းကား
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ရှမ်းတိုင်းရင်းသားများ၏ ထုံးတမ်းအစဉ်အလာရ တစ်နှစ်လျှင် တစ်ရက်သာ ကျင်းပသော စော်ဘွားဈေးနေ့ကို မတ် ၅ ရက်က ပါလျှံမြို့ရိုးတံခါးအနီး၊ စော်ဘွားအုတ်ဂူဟောင်းရှေ့၊ လွိုင်မွေလမ်း၊ ဈေးတမ်းကြီးလမ်းနှင့် စျေးတမ်းလေး လမ်းတစ်လျှောက်တို့တွင် ကျင်းပရာ ဈေးရောင်းချသူများ၊ လာရောက်လည်ပတ် သူများဖြင့် စည်ကားကြောင်း သိရသည်။







