ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပဲကြီးသီးနှံ ၃၆၉၅ ဧက စိုက်ပျိုးပြီးစီး
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌  ပဲကြီးသီးနှံစိုက်ဧက ၃၆၉၅ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေ က  ပြောပြခဲ့သည်။
အစိုးရ ရုံးပိတ်ရက်များတွင် ငွေဆောင်ကမ်းခြေ၌ ခရီးသွားဧည့်သည်များဖြင့် စည်ကားလျက်ရှိ
  ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၏ အထင်ကရတစ်ခုဖြစ်သော ငွေဆောင် ကမ်းခြေ၌ ဖေဖော်ဝါရီ (၁၂) ရက်၊ ပြည်ထောင်စုနေ့ အပါအဝင် အစိုးရရုံးပိတ်ရက်(၃) ရက်၌ အနယ်နယ်အရပ်ရပ်မှ လာရောက်အပန်းဖြေကြသော ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များဖြင့် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံပန်းမန်ပြပွဲ၊ ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၏ အနီးကပ်လမ်းညွှန်မှုဖြင့် စိုက်ပျိုးရေးနည်းပညာများကို စဉ်ဆက်မပျက် လေ့လာသင်ယူနိုင်ပြီး အရည်အသွေးပြည့်ဝသော သီးနှံမျိုးစုံ စိုက်ပျိုးထုတ်လုပ်နိုင်ရေး အတွက် ရည်ရွယ်၍ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်ပြပွဲ၊ ပြိုင်ပွဲ၊ ဆုချီးမြှင့်ပွဲနှင့် သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး နှင့် သဘာဝမြေဩဇာ၊ သဘာဝ ပိုးသတ်ဆေး ပြုလုပ်သုံးစွဲနည်း ပညာပေးသင်တန်းကို ဖေဖော်ဝါရီ ၁၂ ရက်နံနက်ပိုင်းက  မုံရွာမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင်  ဖွင့်လှစ်ခဲ့သည်။ အခမ်းအနားသို့ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် စိုက်ပျိုးရေးဦးစီးမှူးများ၊ ဝန်ထမ်းများနှင့် တောင်သူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
ကွန်ဟိန်းမြို့၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကျင်းပ
(၇၇)နှစ်မြောက်  ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင်အခမ်းအနားကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ မဟာကမ္ဘောဇပြည်ငြိမ်းအေးစေတီတော်၊ တောင်ဘက်မုခ် ရင်ပြင်တော်ခြေရင်း၌  ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၅ နာရီခွဲက ကျင်းပပြုလုပ်ရာ ဂုဏ်ပြုတပ်ဖွဲ့က နိုင်ငံတော်အလံကို အလံတိုင်ထိပ်သို့ လွှင့်တင်ပြီး နိုင်ငံတော်အလံအား အလေးပြုခဲ့ကြောင်း သိရသည်။
စေတုတ္တရာမြို့နယ်တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ၂၀၂၄ခုနှစ် ဖေဖော်ဝါရီ(၁၂)ရက်နေ့တွင် ကျရောက်သည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နိုင်ငံတော်အလံ အလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို မြို့နယ်အားကစားကွင်းတွင် ဖေဖော်ဝါရီ ၁၂ ရက် နံနက်၇နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ဇလွန်မြို့နယ်၌ လယ်ယာမြေ ဧက ၆၅၀ ကျော်ကို အကျိုးပြုမည့် ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်‌ နေမှု စစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်တွင် ဇလွန်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ရိုးကြီး-ကျားကူး ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်‌နေမှု အခြေအနေများကို ဖေဖော်ဝါရီ ၁၂ ရက်နံနက်ပိုင်းတွင် ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။