ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၁)မှ ကချင်ပြည်နယ်အတွင်း တည်ဆောက်မည့် ဧရာဝတီမြစ်ကူး ဗလမင်းထင်တံတားအမှတ်(၂) တည်ဆောက်ရေး စီမံကိန်း လုပ်ငန်းများနှင့် ပတ်သက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ထံ ရှင်းလင်းတင်ပြခြင်းကို ဖေဖော်ဝါရီ ၁၂ ရက် နံနက်ပိုင်းက မြစ်ကြီးနားမြို့၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး မေခခန်းမ၌ ကျင်းပပြုလုပ်သည်။