စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့၊ ဒုံဟီးမြို့နယ်ခွဲ ကျားဝယ် ကျေးရွာရှိ တောင်ယာစပါးခင်းများတွင် အရွက်စားလောက်ကောင်ပိုးတစ်မျိုး ကျရောက်သဖြင့် ကာကွယ် နှိမ်နှင်းရေးလုပ်ငန်းများ လုပ်ဆောင်ကာ ဆက်လက်ပြန့်ပွားမှုမရှိစေရေး စောင့်ကြည့်လျက် ရှိကြောင်း ဒုံဟီးမြို့နယ်ခွဲ စိုက်ပျိုးရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးကျော်စိုး၏ ပြောကြားချက်အရ သိရ