ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ်၌  ၂၀၂၀ ပြည့်နှစ်  အထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် ၁၉၀၃ ဦးရှိ
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲ ပထမအကြိမ် မဲဆန္ဒရှင်အမည်စာရင်းများ ထုတ်ပြန်ကြေ ညာမှုများကို မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဒိန်ခန်ယုံခနှင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ယမန်နေ့ မွန်းလွဲပိုင်းက မြို့ပေါ်ရပ်ကွက် (၃)ခုသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး ကျန်ကျေးရွာ အုပ်စု (၉)အုပ်စုသို့လည်း ဆက်လက်ကွင်းဆင်းစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရ
ဝက်လက်မြို့နယ် ချောင်းမီတိုကျေးရွာ၌ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိ

ကျိုင်းတုံ၌ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာဆွေးနွေးပွဲနှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲကျင်းပ
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့၌စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများ တောင်ယာ စိုက်ပျိုးမှု စနစ်ကြောင့် မြေဆီလွှာတိုက်စားခြင်း ပပျောက်စေရေးအတွက် ရေရှည်တည်တံ့သော စိုက်ပျိုးရေး နည်းပညာရပ်များအား သိရှိလိုက်နာတတ်စေရန် ၊ တောင်သူများ၏ အကျိုးစီးပွားကို ထိခိုက်စေသော ဖျက်အားပြင်း ငမြှောင်တောင်ပိုး ကျရောက်မှုရှိ/မရှိအား ကင်းထောက် စစ်ဆေး တတ်စေရန်နှင့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အထကောင်းများအား စနစ်တကျ လိုက်နာဆောင်ရွက်ခြင်းအားဖြင့် ဆင်းရဲနွမ်းပါးမှု ပပျောက်စေရေးရည်ရွယ်၍  စိုက်ပျိုးရေးဆိုင်ရာ နည်းပညာ ဆွေးနွေးပွဲနှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲကို ဇူလိုင်လ ၂၆ ရက် နံနက်ပိုင်းက  ယန်းခကျေးရွာအုပ်စု၊ ကြိတ်ခေါင် (အလယ်)ကျေးရွာ၌ ပြုလုပ်
သပိတ်ကျင်းမြို့နယ်အတွင်း ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ပြောင်းရွှေ့ခဲ့သည့် အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့် စားသောက်ကုန်များ ပေးအပ်

ကျောက်ပန်းတောင်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဆည်ပေါက်ချောင်းရေကျသည့်အတွက် ကားနှင့်ဆိုင်ကယ်များသွားလာရန် ခက်ခဲနေသဖြင့် မီးသတ်တပ်ဖွဲဝင်များမှ ကူညီဆောင်ရွက်ပေး

ချောင်းဦးမြို့နယ် မှန်ချိုကျေးရွာတွင် Cash  For  Work  အစီအစဉ်ဖြင့် မြေသားကန် အနက်နှိုက်ခြင်း လုပ်ငန်း ဆောင်ရွက်
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ မှန်ချိုကျေးရွာတွင် နိုင်ငံတော်ကချမှတ်ထားသော ကိုဗစ်ကာလ စီးပွားရေး ကုစားမှုအစီအစဉ် Covid-19  Economic  Relief  Plan  (CERP) အရ ကျေးလက်ဒေသနေ မိသားစုများဝင်ငွေ လျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန်အတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်သည့်  Cash  For  Work  စီမံကိန်းဖြင့် မှန်ချိုကျေးရွာ မြေသားကန်အနက် နှိုက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရ