MNL ပြိုင်ပွဲကျင်းပနိုင်ရန် ကလပ်အသင်းများနှင့် ညိနှိုင်းအစည်းအဝေး ကျင်းပ
ကိုဗစ်-၁၉ ရောဂါကြောင့် ရပ်နားထားသည့် ၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲနှင့် ပြည်တွင်းဘောလုံးပြိုင်ပွဲများ ပြန်လည်ကျင်းပနိုင်ရန် မြန်မာနေရှင်နယ်လိဂ်နှင့် ကလပ်အသင်းများ ညိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်း က သုဝဏ္ဏဘောလုံးကွင်း ပထမထပ်ရှိ အစည်းဝေးခန်း၌ ကျင်းပခဲ့သည်။


