နေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်း Myanmar CDC တည်ဆောက်ရေးမြေအတွင်း Geological Survey ပြုလုပ်ရာတွင် သီးနှံပျက်စီးဆုံးရှုံးမှုများအတွက် နစ်နာကြေးပေးအပ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှ ဆောင်ရွက်လျက်ရှိသည့် Myanmar CDC(Centre For Disease Control) တည်ဆောက်ရေး မြေအတွင်း Geological Survey ပြုလုပ်ရာတွင် သီးနှံပျက်စီးဆုံးရှုံးမှုများအတွက် နစ်နာကြေး ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် ဒက္ခိဏသီရိမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဦးတင်ထွန်း နှင့် ဦးအေးမောင်စိန်၊ ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်း၊ နေပြည်တော် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးနှင့် တာဝန်ရှိသူများ တက်ရောက်ကြ
ဧရာဝတီမြစ်အတွင်း မန္တလေး-ဗန်းမော်ရေလမ်းတစ်လျှောက်တွင် ခြောက်လတာ ကာလအတွင်း  ဧရာဝတီလင်းပိုင် ငါးကောင်သေဆုံး
ဧရာဝတီမြစ်အတွင်း မန္တလေး-ဗန်းမော်ရေလမ်းတစ်လျှောက် သေဆုံးသွားသည့် ဧရာဝတီလင်းပိုင် အကောင်ရေမှာ ၂၀၂ဝ ခုနှစ် ခြောက်လတာကာလအတွင်း တစ်လသားအရွယ် အပါအဝင် ငါးကောင်ရှိကြောင်း
ပြည်ကြီးတံခွန်မြို့နယ်တွင် နှာခေါင်းစည်း(Mask) မတပ်ဆင်သူများအား အခုဝယ်အခုတပ် အစီအစဉ် ဆက်လက်ကွင်းဆင်းဆောင်ရွက်လျက်ရှိ
ပြည်ကြီးတံခွန်မြို့နယ်တွင် နှာခေါင်းစည်း(Mask) မတပ်ဆင်သူများအား ခုဝယ်ခုတပ် အစီအစဉ်ကို ယနေ့ နံနက်ပိုင်းက မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ (က)ရပ်ကွက် ၆၈ လမ်းနှင့် မြဝတီမင်းကြီးလမ်းထောင့်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ငဖဲမြို့နယ်၌ အဓိက မကူးစက်နိုင်သောရောဂါများ၊ နှလုံးနှင့် နှလုံးသွေးကြောရောဂါကာကွယ်ခြင်းနှင့် အခြေခံကုထုံးလမ်းညွှန် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဆက်လက်ပို့ချ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ  မကူးစက်နိုင်သော ရောဂါများကို စောစီးစွာရှာဖွေတွေ့ရှိ ကုသနိုင်စေရန်၊ ပိုမိုပြင်းထန်သောရောဂါနှင့် နောက်ဆက်တွဲ ပြဿနာများကို ရှောင်လွှဲနိုင်ရန်နှင့် ရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ အဓိက မကူးစက်နိုင်သော ရောဂါများ နှလုံးနှင့်နှလုံးသွေးကြောရောဂါကာကွယ်ခြင်းနှင့်အခြေခံကုထုံး      လမ်းညွှန် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို မြို့နယ်ခန်းမမှာ ယနေ့နံနက် ၉ နာရီက သင်တန်းဆက်လက် ပို့ချလျက်ရှိကြောင်း သိရ
Quarantine center-turned Hinthada University disinfected
Hinthada University that was used as quarantine center for the returnees during the control and prevention of COVID-19 pandemic has been sprayed with disinfectant on 29 June.
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် အိမ်တွင်းဖြစ်ပိတ်စ နှာခေါင်းစည်း ချုပ်လုပ်မှု ပြိုင်ပွဲ ပြည်သူ့အကျိုးပြုဆု၌ ဒုတိယဆုရရှိသူအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ တက်ရောက်
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ ယနေ့ နံနက် ၁၀ နာရီက စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော  ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး အတွက် အိမ်တွင်းဖြစ်ပိတ်စ နှာခေါင်းစည်းချုပ်လုပ်မှုပြိုင်ပွဲတွင် ပြည်သူ့အကျိုးပြုဆု၌ ဒုတိယဆုရရှိသူ ဒေါ်မေဖြူစင်ငြိမ်း(May Phyu Sin Nyein)အား နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ချီးမြှင့်သည့် ဂုဏ်ပြုဆု ပေးပွဲအခမ်းအနားသို့ တက်ရောက်ခဲ့