ရန်ကုန်တိုင်းဒေသကြီး မြို့နယ်အချို့တွင် မိုးသက်လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပွား
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၌ ဇွန် ၂၆ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ငါးထပ်ကြီး(တောင်) ရပ်ကွက်ရှိ နေအိမ်ခြံစည်းရိုး အုတ်တံတိုင်း ၁ ခု ပြိုကျပျက်စီးခဲ့ပြီး အဆိုပါနေအိမ်အပြင်ဘက်တွင် ဆော့ကစားနေသည့် အဆိုပါရပ်ကွက်နေ မသွန်းရတီဇော် (၂)နှစ် (၆)လအား အုတ်တံတိုင်း ပိမိကာ ဒဏ်ရာများရရှိခဲ့ကြောင်း။








