ပုဂံရှေးဟောင်း သယဉ်ကျေးမှုနယ်မြေ ဘုရားအမှတ်(၁၀၈၁)ဂူဘုရားရှိ နံရံဆေးရေးပန်းချီများအား ကြံ့ခိုင်မှု ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်နေ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်  ပုဂံမြို့ဟောင်း ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဘုရားအမှတ် (၁၀၈၁) ဂူဘုရားအား ဇန်နဝါရီ ၁၆ ရက်မှစတင်ကာ နံရံဆေးရေးပန်းချီများအား ကြံ့ခိုင် ထိန်းသိမ်းရေးလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အ မျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၊ ထိန်းသိမ်းရေးဌာနစုမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးစိုးလင်း၏ ပြောကြားချက်အရ သိရ
(၁၈) ကြိမ်မြောက် မြို့တော်ဝန်ဖလား ဟင်းသီဟင်းရွက်နှင့် သစ်သီဝလံပန်းမန်ပြပွဲပြိုင်ပွဲဖွင့်လှစ်
(၁၈) ကြိမ်မြောက် မြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံ ပန်းမန်ပြပွဲပြိုင်ပွဲ ဖွင့်ပွဲကို ဇန်နဝါရီ ၁၆ ရက် နံနက် ၉ နာရီက ချမ်းမြသာစည်မြို့နယ် မန္တလေးကန်တော်ကြီး လူထုအပန်းဖြေ ဥယျာဉ်တွင် ကျင်းပ
တက္ကသိုလ်များမှ ဘွဲ့ရရှိသူများ အလုပ်အကိုင်ရရှိမှု အခွင့်အလမ်းအခြေအနေ နှင့်စပ်လျဉ်းသည့် အလုပ်ရုံ ဆွေးနွေးပွဲကျင်းပ
အမျိုးသားပညာရေး မူဝါဒကော်မရှင်က ကြီးမှူး၍ တက္ကသိုလ်များမှ ဘွဲ့ရရှိသူများ အလုပ်အကိုင်ရရှိမှု အခွင့်အလမ်းအခြေအနေနှင့် စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ရှိ အမျိုးသားပညာရေး မူဝါဒကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပ
ရန်ကုန်တက္ကသိုလ် နှစ်(၁၀ဝ)ပြည့် အထိမ်းအမှတ် “အောင်ဆန်း တို့အမေ၊ အောင်ကျော် တို့အမေ” ကဗျာစာအုပ် မိတ်ဆက်ပွဲကျင်းပ
ရန်ကုန်တက္ကသိုလ် နှစ်(၁၀ဝ)ပြည့် အထိမ်းအမှတ်အဖြစ် ကဗျာနှင့် စာရေးဆရာအံ့မောင်၏ “အောင်ဆန်း တို့အမေ၊ အောင်ကျော် တို့အမေ” ကဗျာစာအုပ်မိတ်ဆက်ပွဲကို ယမန်နေ့နံနက် ၁၁ နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း (ရုံးချုပ်) ရွှေဥဒေါင်းခန်းမ၌ ကျင်းပ
ညောင်တုန်းမြို့ ကလေးစာပေပွဲတော် (ဒုတိယနေ့)တွင် ပြခန်းများပြသထားရာ လာရောက် လေ့လာကြည့်ရှု့သူများပြား
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းကျင်းပသော ညောင်တုန်းမြို့ ကလေးစာပေပွဲတော်ကို ဇန်နဝါရီလ ၁၅ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကျင်းပရာ ယနေ့ ကလေးစာပေပွဲတော် (ဒုတိယနေ့)တွင် ပြခန်းများ၌ လာရောက်လေ့လာ ကြည့်ရှု့သူများ ပိုမိုများပြားလျက်ရှိ
ထားဝယ်မြို့၌ ယာဉ်မတော်တဆမှုကြောင့် အသက်အန္တရာယ် ထိခိုက်ဆုံးရှုံးမှုလျော့နည်းစေရေးအတွက် မော်တော်ဆိုင်ကယ် စီးနင်းသူများအား ဆိုင်ကယ်စီးဦးထုပ်များ အခမဲ့ဖြန့်ဝေ
အမှတ်(၁၁) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ (တနင်္သာရီ)နှင့် မျိုးသိန်းအီလက်ထရောနစ် ကုမ္ပဏီ (TCL)တို့ ပူးပေါင်း၍ ပြည်သူများ ယာဉ်မတော်တဆမှုကြောင့် အသက်အန္တရာယ် ထိခိုက်ဆုံးရှုံးမှု လျော့နည်းစေရေးအတွက် မော်တော်ဆိုင်ကယ် စီးနင်းသူများအား ယနေ့နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ နိဗ္ဗာန်လမ်း၊ ကမ္ဘောဇ ဘဏ်အနီး၌ ဆိုင်ကယ်စီးဦးထုပ်များ အခမဲ့ ဖြန့်ဝေပေးခဲ့
ပွင့်ဖြူမြို့နယ်၌ ငရုတ်စိုက်ပျိုးတောင်သူများ ဈေးကောင်းရရှိ၍ လုပ်ငန်းအဆင်ပြေ
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်ရှိ ငရုတ်စိုက်ပျိုးတောင်သူများ ယခုနှစ်တွင် ငရုတ်(အခြောက်) တစ်ပိသာလျှင် ငွေကျပ် ၆၀ဝ၀ နှုန်းဖြင့် ရောင်းချရ၍ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ညောင်ကုန်း ကျေးရွာမှ ငရုတ်စိုက်တောင်သူများထံမှ သိရ