ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ရန်ကုန်မြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ စာပေဗိမာန်နှင့် သတင်းစာတိုက်များကို ကြည့်ရှုစစ်ဆေး
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ယနေ့တွင် ရန်ကုန်မြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင်နှင့် ပြည်သူ့စာကြည့်တိုက်၊ ကြေးမုံ၊ မြန်မာ့အလင်းနှင့် The Global New Light of Myanmar သတင်းစာတိုက်တို့တွင် လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နေမှုနှင့် ဝန်ထမ်းများ အန္တရာယ်ကင်းရှင်းစွာ တာဝန်ထမ်းဆောင်နိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။







