မြိုင်မြို့နယ် ရွာရှည်ကျေးရွာကို အလှူရှင်များမှ စက်ရေတွင်း၊ ရေတင်ပန့်၊ ရေတင်စက်ရုံနှင့် ဂါလန်(၈၀၀)ဆံ့ ရေစင်လှူဒါန်းပေးအပ်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စေတနာမျှဝေခြင်း အစီအစဉ်အရ ဆည်မြောင်းနှင့် ရေအသုံးချ စီမံခန့်ခွဲရေးဦးစီးဌာနမှ တွင်းတူးစက်နှင့် နည်းပညာအကူအညီဖြင့် ရန်ကုန်စက်မှုတက္ကသိုလ် (၁၉၈၀- ၁၉၈၃) မြို့ပြ အင်ဂျင်နီယာဘွဲ့ရ ကျောင်းသား/ကျောင်းသူများမှ မြိုင်မြို့နယ် ရွာရှည်ကျေးရွာသို့ စက်ရေတွင်း၊ ရေတင်ပန့်၊ ရေတင်စက်ရုံနှင့် ဂါလန်(၈၀၀)ဆံ့ရေစင် လှူဒါန်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ပြီး ကျေးရွာသူ ကျေးရွာသားများထံသို့ လှူဒါန်းပေးအပ်ခဲ့ကြကြောင်း သိရသည်။





