နယ်မြေတည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးမှသာ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မည် 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် 
နိုင်ငံတော်သမ္မတရုံး 

ပခုက္ကူမြို့ အဆင့်မြင့်ကားကြီးကွင်း တည်ဆောက်ရေးလုပ်ငန်း စတင်ရန် ညှိနှိုင်းဆွေးနွေး
ပခုက္ကူမြို့၊ အဆင့်မြင့်ကားကြီးကွင်းအသစ် တည်ဆောက်ရေးလုပ်ငန်းများ စတင်နိုင်ရန် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီက ပခုက္ကူမြို့နယ် စည်ပင်သာယာရေးကော်မတီရုံး၌ ကျင်းပသည်။
ရေကြည်မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မြစ်ကမ်းပါးပြိုကျမှုကြောင့် ရွှေ့ပြောင်းနေအိမ်များအား ထောက်ပံ့ငွေများပေးအပ်
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ် ကညင်ငူကျေးရွာအုပ်စုတွင် ငဝန်မြစ်ကမ်းပါးပြိုကျမှုကြောင့် ရွှေ့ပြောင်းခဲ့သော မိသားစုများအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ယနေ့မွန်းလွဲ ၃ နာရီခွဲက ကညင်ငူကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းအောင်နေအိမ်၌ ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ခဲ့သည်။
တွန်းဇံမြို့နယ် ပြည်သူ့ဆေးရုံ (၂၄)နာရီ မီလင်းနိုင်ရေးအတွက် ဆိုလာနှင့် ဆက်စပ်ပစ္စည်းများနှင့် Ultra Sound စက်တစ်လုံးတို့ကို လာရောက်လှူဒါန်း
Global Chin Chrstiam Federation (GCCF) မှ ဒေါက်တာလှအောင် ဦးဆောင်မှုဖြင့် ဂျာမနီနိုင်ငံ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်းတစ်ခုဖြစ်သော Schoefung Bewahrn Konkret မှ တွန်းဇံမြို့နယ် ပြည်သူ့ဆေးရုံ (၂၄)နာရီ မီလင်းနိုင်ရေးအတွက် မြန်မာငွေကျပ် သိန်း (၅၀၀)ကျော် တန်ဖိုးရှိ ဆိုလာနှင့် ဆက်စပ်ပစ္စည်းများနှင့် Ultra Sound စက်တစ်လုံးတို့ကို လာရောက်လှူဒါန်း တပ်ဆင်ပြီးဖြစ်ရာ ဆိုလာမီးဖွင့်ပွဲနှင့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲအခမ်းအနားကို