ရေယို-နိုးကိုး-ကုန်းသာ ကျေးရွာချင်းဆက် ကတ္တရာလမ်းသစ်ဖွင့်လှစ်
ကယားပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၈-၂၀၁၉ ခုနှစ်၊ ဘဏ္ဍာရေးနှစ် ရန်ပုံငွေ ကျပ် ၆၄၄ သန်းဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့သည် လွိုင်ကော်မြို့နယ် ရေယို-နိုးကိုး-ကုန်းသာ ကျေးရွာချင်းဆက် ကတ္တရာလမ်းသစ် (၃/၂.၃၆)မိုင် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက လွိုင်ကော်မြို့နယ်၊ နိုးကိုးရွာမကျေးရွာတွင် ကျင်းပသည်။






