ကချင်ပြည်နယ်ဝန်ကြီးချုပ် ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်အချို့၌ ရေဝင်ရောက်လာမှုအား သွားရောက်ကြည့်ရှုစစ်ဆေး၊ ယာယီတိမ်းရှောင်စခန်းနေ မိသားစုများအားသွားရောက် တွေ့ဆုံ အားပေး၊ အမိုး၊ အကာဖြင့် လုံခြုံစွာနေထိုင်နိုင်ရေး စီစဉ်ဆောင်ရွ
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း နယ်မြေမတည်ငြိမ်မှုဖြစ်စဉ်များကြောင့် နေရပ်ကျေးရွာများကို စွန့်ခွာ၍ ယာယီတိမ်းရှောင်လျက်ရှိသော မိသားစုများ စားသောက်မှုအဆင်ပြေစေရေးနှင့် အမိုးအကာဖြင့် လုံခြုံစွာနေထိုင်နိုင်ရေး လိုအပ်ချက်များကို ဖြည့်ဆည်းပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ မေ ၂၉ ရက် မွန်းလွဲ ၂ နာရီခွဲကလည်း မြစ်ကြီးနားမြို့ပေါ်ရှိ ယာယီစခန်းများတွင် ခိုလှုံနေထိုင်လျက်ရှိသော မိသားစုများအား သွားရောက်တွေ့ဆုံအားပေးခဲ့ကြသည်။