ကျွန်းစု၌ မူးယစ်ဆေးဝါး အန္တရာယ်ဝိုင်းဝန်းကာကွယ် ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကျင်းပ
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club၊ Women Clubနှင့် Youth Club တို့ပူးပေါင်း၍ မူးယစ်ဆေးဝါးအန္တရာယ် ဝိုင်းဝန်းကာကွယ် ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ(၁)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။