ဖိလစ်ပိုင်တွင် နိုင်ငံခြားသားများ ခရီးသွားလာခွင့် ပိတ်ပင်ထားမှုကို ဖေဖော်ဝါရီ ၁ ရက်မှစတင် ဖြေလျှော့သွားမည်

ဖိလစ်ပိုင်နိုင်ငံတွင် ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများရှိကြောင်း အတည်ပြုထားသည့် ဒေသများနှင့် နိုင်ငံပေါင်း ၃၀ ကျော်မှ ခရီးသွားများ ခရီးသွားလာခွင့် ပိတ်ပင်ထားမှုကို ဖေဖော်ဝါရီလမှ စတင်ကာ ဖြေလျှော့သွားမည် ဖြစ်ကြောင်း သမ္မတပြောရေးဆိုခွင့်ရှိသူ Harry Roque က ယနေ့တွင် ပြောကြားခဲ့သည်။
အိန္ဒိယတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၈၈၅၅ ဦး ထပ်မံတွေ့ရှိ
အိန္ဒိယနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၈၈၅၅ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ကူးစက်ခံရသူပေါင်း ၁၀၇၂၀၀၄၈ ဦး အထိရှိလာကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၏ နောက်ဆုံး ထုတ်ပြန်ချက်အရ သိရသည်။
ဂျပန်နိုင်ငံ၏ ဒေသအချို့တွင် နှင်းမုန်တိုင်း ချဉ်းကပ်ဝင်ရောက်
ယနေ့၌ တိုင်းပြည်၏ နေရာအနှံ့အပြားတွင် နှင်းမုန်တိုင်းများ ကျရောက်မည်ဖြစ်ကြောင်း ဂျပန်နိုင်ငံ မိုးလေဝသ တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ဂျပန်တွင် ၁၁ လဆက်တိုက် အလုပ်လက်မဲ့ ဦးရေ မြင့်တက်လာ
ဂျပန်နိုင်ငံ အစိုးရ၏ နောက်ဆုံးရရှိသော အချက်အလက်အရ အလုပ်လက်မဲ့ ဦးရေမှာ အစောပိုင်းနှစ်ဖြင့် နှိုင်းယှဉ်ပါက ဒီဇင်ဘာလတွင် အလုပ်လက်မဲ့ဦးရေ ၄၉၀၀၀၀ ရှိလာသည်ဟု သိရသည်။
နိုင်ဂျီးရီးယား အရှေ့တောင်ပိုင်းတွင် ဘတ်စ်ကား တိမ်းမှောက်မှု ဖြစ်ပွား လူသုံးဦးသေဆုံး၊ လေးဦး ဒဏ်ရာရ
နိုင်ဂျီးရီးယားနိုင်ငံ အရှေ့တောင်ပိုင်း အီဘိုနီး ပြည်နယ်တွင် ယမန်နေ့က ထိုင်ခုံ ၁၈ ခုံပါ ဘတ်စ်ကား တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ လူသုံးဦး သေဆုံးခဲ့ပြီး အခြားလေးဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားသည်။
တောင်အာဖရိက မူကွဲဗိုင်းရပ်စ်ပိုး အမေရိကန်နိုင်ငံမှာ တွေ့ရှိကြောင်း ထုတ်ပြန်
အမေရိကန် နိုင်ငံမှာ မူလကိုရိုနာ ဗိုင်းရပ်စ်ပိုးထက် ကူးစက်နှုန်းမြန်တဲ့ တောင်အာဖရိက မူကွဲဗိုင်းရပ်စ်ပိုး တွေ့ရှိကြောင်း တာဝန်ရှိသူတွေက ကြာသပတေးနေ့မှာ ထုတ်ပြန် ကြေညာလိုက်ပါတယ်။
အသစ်ထွက်လာတဲ့ Novavax ဆေးကုမ္ပဏီထုတ် ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုး ကာကွယ်ဆေးဟာ ၉၀ ရာခိုင်နှုန်း နီးပါး အစွမ်းထက်ကြောင်း ထုတ်ပြန်
အမေရိကန် ဆေးကုမ္ပဏီ Novavax က ထုတ်လုပ်ထားတဲ့ ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုး ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးနောက်မှာ ၈၉.၃ ရာခိုင်နှုန်း အစွမ်းထက်ကြောင်း ဗြိတိန်နိုင်ငံမှာ ပြုလုပ်တဲ့ စမ်းသပ်ချက်ကနေ ရရှိကြောင်းနဲ့ -----------