ဥရောပသမဂ္ဂ-တရုတ် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီချက်တစ်ရပ် ဆွေးနွေးလျက်ရှိ

ဥရောပသမဂ္ဂ-တရုတ်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီ ချက်တစ်ရပ်ကို ယခုနှစ်နှောင်းပိုင်းမတိုင်မီ လက်မှတ် ရေးထိုးရန် နှစ်ဖက်စီးပွားရေးလုပ်ငန်းရှင်များက ဆွေးနွေးလျက်ရှိကြောင်း တရုတ်နိုင်ငံရှိ ဥရောပကုန်သည်ကြီးများ အသင်းအကြီးအကဲ ဂျိုရက်ဝတ်ကီက ယနေ့ပြောကြားခဲ့သည်။
အီဂျစ်ဆေးရုံ မီးလောင်မှုကြောင့် ကိုဗစ်လူနာ ခုနစ်ဦးသေဆုံး
အီဂျစ်နိုင်ငံ၏ မြို့တော်ကိုင်ရိုမှ အရှေ့မြောက်ဘက်တွင် တည်ရှိသော ဆေးရုံတစ်ရုံ၌ မီးလောင်မှု ယနေ့ဖြစ် ပွားခဲ့ရာ ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးဝါးကုသမှုခံယူလျက်ရှိသော လူနာ ခုနစ်ဦးသေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ လုံခြုံရေးနှင့် တရားရေးသတင်းရင်းမြစ်က ဖော်ပြထားသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအသုတ်တင်ပို့မှု စပိန်လက်ခံရရှိ
စပိန်နိုင်ငံသည် ၎င်း၏ပထမဦးဆုံးသော Pfizer-BioNTech ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ကာကွယ် ဆေးထိုးနှံရန် စီစဉ်ထားသည့် ရက်မတိုမီ တစ်ရက်အလို ဒီဇင်ဘာ ၂၆ ရက်တွင် လက်ခံရရှိခဲ့သည်။
ဗြိတိန်နိုင်ငံသားများ အမေရိကန်နိုင်ငံသို့ လာရောက်ပါက ရောဂါပိုးကင်းစင်ကြောင်း မှတ်တမ်းလိုအပ်

မော်ရိုကိုနိုင်ငံက  ဗိုင်းရပ်စ်ကာကွယ်ဆေး ၆၅ သန်း မှာယူထားပြီးဖြစ်

မာလီနိုင်ငံ၏ အတိုက်အခံပါတီခေါင်းဆောင် ကိုဗစ်-၁၉ ရောဂါဖြင့် ကွယ်လွန်
မာလီနိုင်ငံ၏ အတိုက်အခံပါတီခေါင်းဆောင် ဆိုမေလာစီးစ်သည် ယခုနှစ်အစောပိုင်းက ဓားစာခံအဖြစ် ခြောက် လကြာ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ပြီးနောက် ကိုဗစ်-၁၉ ရောဂါဖြင့် ကွယ်လွန်သွားကြောင်း ၎င်း၏ မိသားစုနှင့် ပါတီက ယနေ့ပြောကြားသည်။
အင်ဒိုနီးရှား၌ ခရစ္စမတ် အထူးအစီအစဉ်ဖြင့် ခရစ်ယာန်အကျဉ်းသား ၁၁၆၆၉ ဦး ပြစ်ဒဏ်လျှော့ပေါ့ပေးပြီး ၁၉၅  ဦး လွတ်ငြိမ်းခွင့်ပေး
အင်ဒိုနီးရှားအစိုးရသည် ယခုနှစ် ခရစ္စမတ် အထူးအစီအစဉ်ဖြင့် နိုင်ငံအတွင်းရှိ အကျဉ်းထောင်များမှ ခရစ်ယာန် အကျဉ်းသား ၁၁၆၆၉ ဦးကို ပြစ်ဒဏ်လျှော့ပေါ့ပေးခဲ့ပြီး ၎င်းတို့အနက်အကျဉ်းသား ၁၉၅ ဦးကို လွတ်ငြိမ်း ခွင့်ပေးလိုက်ကြောင်း အင်ဒိုနီးရှားဥပဒေနှင့် လူ့အခွင့်အရေးဝန်ကြီးဌာနက ယနေ့ပြောကြားသည်။