အီရတ်ဆန္ဒပြမှုတွင် သေဆုံးသူ ၁၀၀ နီးပါးရှိလာ
အီရတ်နိုင်ငံ တောင်ပိုင်းရှိ မြို့များနှင့် ဘဂ္ဂဒက်မြို့တွင် ကန့်ကွက်ဆန္ဒပြမှုများသည် ငါးရက်မြောက်နေ့သို့ ရောက်ရှိလာပြီး သေဆုံးသူ အရေအတွက်သည် စနေနေ့က ၉၃ ဦးအထိ ရောက်ရှိလာကြောင်း ပါလီမန် လူ့အခွင့်အရေးကော်မရှင်က ပြောကြားသည်။