အာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်းတွင် စစ်ဆင်ရေးဆောင်ရွက် စစ်သွေးကြွ ၃၅ ဦးသေဆုံး
အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း ဘော်လ်ပြည်နယ် ဘော်လ်ခရိုင်တွင် နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်ခဲ့သဖြင့် စစ်သွေးကြွ ၃၅ ဦး သေဆုံးခဲ့ကြောင်း ယနေ့ စစ်ဘက်ဆိုင်ရာထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။






