ဗီယက်နမ် နှစ်သစ်ကူး ပွဲတော်တွင် ယာဉ်မတော်တဆမှုဖြစ်ပွား ၁၈၃ ဦးသေဆုံး
ယမန်နေ့က အဆုံးသတ်ခဲ့သည့် ကိုးရက်ကြာကျင်းပသော ဗီယက်နမ် နှစ်သစ်ကူးပွဲတော်အတွင်း ယာဉ်မတော်တဆမှု ၂၇၆ ခုဖြစ်ပွားခဲ့သဖြင့် ၁၈၃ ဦး သေဆုံးပြီး ၂၄၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယာဉ်ထိန်းရဲဌာနက ယနေ့သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဗြိတိန် အိမ်ရှေ့မင်းသား ဖိလစ် ယာဉ်မတော်တဆမှု ဖြစ်ပွားပြီးနောက် ယာဉ်မောင်းလိုင်စင် အပ်နှံ
ဗြိတိန် အိမ်ရှေ့မင်းသား ဖိလစ်သည်  ပြီးခဲ့သည့် ဇန်နဝါရီလက လန်ဒန်မြောက်ပိုင်း ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ပြီးနောက် သူ၏ယာဉ်မောင်းလိုင်စင် ကို ပေးအပ်ခဲ့ကြောင်း တော်ဝင်မိသားစု ထုတ်ပြန်ကြေညာချက်အရ သိရသည်။
ဂျပန် တိုကျိုနှင့် ပတ်ဝန်းကျင်ဒေသများတွင် ဆီးနှင်းဖုံးလွှမ်းကာအေးခဲနေ
ဂျပန်နိုင်ငံ တိုကျိုအပါအဝင် ကန်တိုဒေသ၏ တောင်ပိုင်းတွင် ဆီးနှင်းဖုံးလွှမ်းအေးခဲနေကြောင်း သိရသည်။
တူရကီအဆောက်အအုံပြိုကျမှု သေဆုံးသူအရေအတွက် မြင့်တက်လာ
တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့တွင် နေအိမ်တိုက်ခန်းအဆောက်အအုံတစ်လုံး ပြိုကျမှုဖြစ်ပွားခဲ့ပြီးနောက် သေဆုံးသူအရေအတွက် မြင့်တက်လာခဲ့သည်။ သေဆုံး သူအရေအတွက်သည် စနေနေ့တွင် ၂၁ ဦး ဖြစ်လာခဲ့ကြောင်း တူရကီသမ္မတ ယီဆက်တေယစ်အာဒိုဂန်က ပြောကြား ခဲ့သည်။
၂၀၂၀ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်အဖြစ် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း မက်ဆာချူးဆက်လွှတ်တော်အမတ် ကြေညာ
မက်ဆာချူးဆက်ပြည်နယ်မှ ဆီးနိတ်လွှတ်တော်အမတ် အယ်လီဇဘက်ဝါရန်သည် လာမည့် ၂၀၂၀သမ္မတရွေးကောက်ပွဲတွင် ကိုယ်စားလှယ်အဖြစ် ပါဝင်ယှဉ်ပြိုင် မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
အမေရိကန်နှင့် မြောက်ကိုရီးယားတို့ ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲအတွက် ညှိနှိုင်းဆွေးနွေးမှုများ ဆက်လုပ်သွားမည်
အမေရိကန်ပြည်ထောင်စုနှင့် မြောက်ကိုရီးယားတို့သည် ယခုလနှောင်းပိုင်းတွင် သမ္မတ ထရမ့်နှင့် ခေါင်းဆောင်ကင်တို့အကြား ဒုတိယအကြိမ်ပြုလုပ်မည့် ထိပ်သီးဆွေးနွေး ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများပြုလုပ်သည့်အနေဖြင့် လာမည့်ရက်သတ္တပတ်၌ နောက်ထပ်ဆွေးနွေးပွဲများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။