တရုတ်နှင့် ကုန်သွယ်ရေးသဘောတူညီမှုရရှိရန် နီးကပ်လာပြီဟု ထရန့်ပြော

တရုတ်အစိုးရနှင့် ကုန်သွယ်ရေးသဘောတူစာချုပ် ချုပ်ဆိုရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားခဲ့သည်။
ဘရက်ဆစ်ကို စောင့်ကြည့်ရန်လိုဟု ဂျပန်ဝန်ကြီး ဆို
ဗြိိတိန်နိုင်ငံနှင့် ဆက်ဆံရေးအရေးပါမှုကြောင့် ဘရက်ဆစ်၏ လမ်းကြောင်းကို အာရုံစိုက်ရန် လိုအပ်ကြောင်း  ဂျပန်စီးပွားရေး ပြန်လည်ထူထောင်ရေးဝန်ကြီး ယာဆူတိုရှီ နီရှီမူရာက မှတ်ချက်ပြုခဲ့သည်။
ယခုနှစ်အတွင်း ဖီဂျီတွင် မီးလောင်မှုကြောင့် မိသားစုပေါင်း ၁၀၆စု အိုးအိမ်ဆုံးရှုံးခဲ့
ဖီဂျီနိုင်ငံတွင် ယခုနှစ်အတွင်း စုစုပေါင်း မိသားစုပေါင်း ၁၀၆စုမှာ မီးလောင်ကျွမ်းမှုကြောင့် နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ကြောင်း မီးလောင်မှုအများစုမှာ လျှပ်စစ်မီးရှော့ဖြစ်မှုကြောင့် ဖြစ်သည်ဟု ဆိုသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်ရှိ ပလတ်စတစ်စက်ရုံ မီးလောင်မှုဖြစ်ပွား ၁၃ ဦးထက်မနည်းသေဆုံး
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော် ဆင်ခြေဖုံး ကီရာနီဂန်ဂျေရှိ ပလတ်စတစ်စက်ရုံ မီးလောင်ကျွမ်းမှုကြောင့် ၁၃ ဦးထက်မနည်း သေဆုံးခဲ့သည်။
တာလတ်ပစ်ဒုံးကျည် အမေရိကန် စမ်းသပ်ပစ်လွှတ်
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ် အနောက်ဘက်ရှိ အခြေစိုက်စခန်းတစ်ခုမှ မြေပြင်ပစ် တာလတ်ပစ်ဒုံးကျည် တစ်စင်း စမ်းသပ် ပစ်လွှတ်ခဲ့သည်ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန က ဆိုသည်။
နယူးဇီလန်နိုင်ငံ ခရီးသွားဧည့် ဝင်ရောက်မှု ခုနစ်နှစ်အတွင်း အနိမ့်ဆုံးအဆင့်သို့ ကျဆင်း
အာရှမှ ခရီးသွားအရေအတွက် ဆက်လက်ကျဆင်းလာသည်နှင့်အမျှ နယူးဇီလန်နိုင်ငံ နှစ်စဉ် ခရီးသွားဧည့် ဝင်ရောက်မှု ခုနစ်နှစ်အတွင်း အနိမ့်ဆုံးအဆင့်သို့ ကျဆင်းသွားကြောင်း နယူးဇီလန်စာရင်းအင်းဌာနက ယနေ့ ပြောကြားခဲ့သည်။
အာဖဂန်ရှိ အမေရိကန်စစ်အခြေစိုက်စခန်းတိုက်ခိုက်မှု နှစ်ဦးသေဆုံး
အာဖဂန်နစ္စတန်နိုင်ငံရှိ အမေရိကန် စစ်အခြေစိုက်စခန်းတစ်ခုအနီးတွင် တိုက်ခိုက်မှုဖြစ်ပွားရာ အရပ်သားနှစ်ဦး သေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့သည်။