တောင်ကိုရီးယား နိုင်ငံက ဖွားဖွားတွေရဲ့ ပညာရေး
ကမ္ဘာ့စီးပွားရေး အဆင့် ၁၁ မှာ ရပ်တည်နေပြီး နည်းပညာပိုင်းမှာ ရှေ့ရောက်နေတဲ့ တောင်ကိုရီးယားနိုင်ငံ၊ နိုင်ငံတစ်ဝန်းမှာ 5G နက်ဝက်ကို ပထမဦးဆုံး ထုတ်လွှင့်ခဲ့တဲ့ နိုင်ငံက ဖိုးဖိုးဖွားဖွား အများစုဟာ စာမတတ်ကြတာကို တွေ့ရပါတယ်။



