သီရိလင်္ကာနိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုအန္တရာယ်သတိပေးချက်ထုတ်ပြန်
သီရိလင်္ကာနိုင်ငံရှိ ခရိုင် ငါးခုတွင် မိုးသည်းထန်စွာရွာသွန်းပြီးနောက် သီရိလင်္ကာနိုင်ငံအမျိုးသားအဆောက်အအုံ သုတေသနအဖွဲ့အစည်းက မြေပြိုမှုဆိုင်ရာကြိုတင်သတိပေးချက်ကို ယမန်နေ့က ထုတ်ပြန်ခဲ့သည်။