ဂျပန်နိုင်ငံ၌ ဓာတုစက်ရုံပေါက်ကွဲမှုဖြစ်ပွားသဖြင့် တစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ
ဂျပန်နိုင်ငံ နီအီဂါတာခရိုင်တွင် ဓာတုစက်ရုံတစ်ရုံပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် အသက် ၅၆ နှစ်အရွယ်အမျိုးသားတစ်ဦးသေဆုံးပြီး အခြားနှစ်ဦး ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း ဒေသတွင်းမီဒီယာက ဖော်ပြထားသည်။




