ကနေဒါနိုင်ငံက ဗြိတိန်နိုင်ငံနဲ့ လေကြောင်းခရီးစဉ် ပြေးဆွဲမှု ဇန်နဝါရီ ၆ ရက်နေ့အထိ တိုးမြှင့်ပိတ်လိုက်ကြောင်း ဝန်ကြီးချုပ်ကြေညာ

ကနေဒါနိုင်ငံ ဝန်ကြီးချုပ် ဂျက်စတင် ထရူဒိုး က ဗြိတိန်နိုင်ငံကနေ ပျံသန်းလာမယ့် ခရီးသည်တင် လေကြောင်းပြေးဆွဲမှု ဇန်နဝါရီ ၆ ရက်နေ့အထိ ယာယီရပ်ဆိုင်းထားမှု တိုးမြှင့်ကြောင်း  ဗုဒ္ဓဟူးနေ့က ကြေညာပါတယ်။
ကော်စတာရီကာ နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ခရစ္စမတ် အကြိုနေ့မှာ စတင်ထိုးနှံမည်

အာဖဂန်တောင်ပိုင်း ဟယ်လ်မန်ပြည်နယ် လေကြောင်း တိုက်ခိုက်မှုတွင် စစ်သွေးကြွ ၂၁ ဦး သေဆုံး
အာဖဂန်နစ္စတန် နိုင်ငံတောင်ပိုင်း ဟယ်လ်မန်ပြည်နယ် နာဝါခရိုင်တွင် ယမန်နေ့က တာလီဘန် စစ်သွေးကြွများ စုဝေးရာနေရာကို စစ်လေယာဉ်များဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သွေးကြွ ၂၁ ဦး သေဆုံးခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးက ယနေ့သတင်းထုတ်ပြန်ချက်တွင် ပြောကြားထားသည်။
ပြင်သစ်နိုင်ငံ အလယ်ပိုင်းတွင် ရဲတပ်ဖွဲ့ဝင်သုံးဦး ပစ်ခတ်ခံရပြီး သေဆုံးမှုဖြစ်ပွား
ပြင်သစ်နိုင်ငံ အလယ်ပိုင်းတွင် ယမန်နေ့က ရဲတပ်ဖွဲ့ဝင်သုံးဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်းနှင့် အခြားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသန္တရမီဒီယာက ဖော်ပြထားသည်။
အီသီယိုပီးယား တိုက်ခိုက်မှုတွင် လူပေါင်း ၁၀၀ ထက်မနည်း သေဆုံး
အီသီယိုပီးယားနိုင်ငံ အနောက်ပိုင်းတွင် မကြာသေးမီက လက်နက်ကိုင် တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ရာ လူပေါင်း ၁၀၀ ထက်မနည်း သေဆုံးခဲ့သည်ဟု အီသီယိုပီးယား ဖက်ဒရယ် လူ့အခွင့်အရေး အဖွဲ့က ယမန်နေ့ နှောင်းပိုင်းက အတည်ပြုပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူ ဆယ်သန်းကျော်အထိ ရောက်ရှိ
အိန္ဒိယနိုင်ငံတွင် ပြီးခဲ့သည့် ၂၄နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ် လူနာသစ် ၂၄၇၁၂ ဉီးရှိခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူ စုစုပေါင်း ၁၀၁၂၃၇၇၈ ဉီးသို့  ရောက်ရှိသွားပြီဖြစ်ကြောင်း အိန္ဒိယနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက နောက်ဆုံးထုတ်ပြန်သည့် ထုတ်ပြန်ချက်များအရ သိရှိရသည်။
အာဂျင်တီးနား နိုင်ငံက ရုရှားထုတ် ကာကွယ်ဆေးအား သုံးစွဲခွင့်ပြုလိုက်ပြီ
အာဂျင်တီးနား နိုင်ငံတွင်  ရုရှားထုတ် ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုး ကာကွယ်ဆေးအား ဗုဒ္ဓဟူးနေ့က  အရေးပေါ် သုံးစွဲခွင့်ပြုလိုက်ကြောင်း ကျန်းမာရေးဝန်ကြီးက ကြေညာလိုက်ပါတယ်။