အင်ဒိုနီးရှားတောမီးကနေ ထွက်လာတဲ့ မီးခိုးတွေဟာ စင်ကာပူနိုင်ငံအထိ ပျံ့နှံ့လာ
အင်ဒိုနီးရှားတောမီးကနေ ထွက်လာတဲ့ မီးခိုးငွေတွေကြောင့် အင်ဒိုနီးရှားနိုင်ငံ တဝန်းရှိကျောင်းတွေနဲ့ အိမ်နီးချင်း မလေးရှားနိုင်ငံက ကျောင်းတွေ အပါအဝင် ထောင်ချီတဲ့ကျောင်းတွေ ပိတ်ထားရပါတယ်။ စင်ကာပူနိုင်ငံမှာ ကျင်းပမယ့် ဖော်မြူလာဝမ်း ကားပြိုင်ပွဲ မစခင် စင်ကာပူနိုင်ငံရဲ့ လေသန့်နှုန်းမှာလည်း ကျဆင်းလာတာကိုတွေ့ရပါတယ်။