သူတို့ကို မထောက်ခံလို့ဆိုပြီး ရပ်ကွက်ထဲမှာလည်း နိုင်ထက်စီးနင်းလုပ်ချင်နေကြတာကို မခံနိုင်လွန်းလို့ပါဗျာ

 ထီဆိုင်ပိုင်ရှင် ကိုစိုး(အမည်လွှဲ)

မခုလို CDM လှုပ်ရှားမှုတွေနဲ့အတူ ဆူပူအကြမ်းဖက်မှုတွေ လုပ်နေကြတော့ ကျွန်တော်တို့လို အေးအေးချမ်းချမ်း နေချင်တဲ့ ပြည်သူတွေ ဒုက္ခရောက်ရတာပေါ့ဗျာ

တောင်သူတစ်ဦးဖြစ်သူ ဦးညွန့်ဝေ

သူတို့နောက်မှာ မိသားစုတွေရှိတယ်။ အရွယ်မရောက်သေးတဲ့ ကလေးတွေရှိတယ်။ မိအိုဖအိုတွေ ရှိကောင်းရှိမယ်။ ဒီအတွက် အပြစ်ပေး အရေးယူရပြီဆိုရင် တကယ်စိတ်မကောင်း ဖြစ်မိမှာပါ။

ဒေါ်စမ်းစမ်းမြင့်

အိန္ဒိယကနေ ပြန်လည်ရောက်ရှိလာတဲ့ မြန်မာနိုင်ငံသားတွေကို သူတို့ရဲ့ နေအိမ်တွေကို ချောချောမွေ့မွေ့ ရောက်ရှိနိုင်အောင် တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာရှိတဲ့ စီမံအုပ်ချုပ်မှုကောင်စီနဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်

 ဦးဒိုင်နိုဒါးယ်

နိုင်ငံရေးသမားတွေရဲ့ချကျွေးတာ မခံရအောင် ပြည်သူတွေနဲ့ ဝန်ထမ်းတွေအနေနဲ့ ရေရှည်အတွက် စဉ်းစားချင့်ချိန်တွေးတောကြပါလို့ ပြောချင်ပါတယ်

 ဦးဘမောင်

ဝန်ထမ်းတစ်ဦး CDM လုပ်တာ မလုပ်တာ သူ့သဘောနဲ့သူ့စိတ် ရွေးချယ်တာပိုကောင်းပါတယ်။ အတင်းအဓမ္မ ဖိအားပေးပြီးဆွဲခေါ်မှ CDM လုပ်ဖို့ ပါလာတာမျိုးက မသင့်တော်ဘူးထင်ပါတယ်။

ဦးဝင်းဇော်(အမည်လွှဲ)