ကလေးလေးတို့အားလုံး မင်္ဂလာပါနော်။ ဒီတစ်ပတ်မှာတော့ ကျောင်းဖွင့်ခါနီးလာလို့ ပျော်နေကြမယ့် ကလေးတို့ အားလုံးကို မမက စာအုပ်စင်လေးနဲ့ ကလေးတို့ရဲ့ ယဉ်ကျေးပျူငှာမှုလေး ဆက်စပ်နေတဲ့အကြောင်းကို ပြောပြဖို့ ရွေးချယ်ထားပါတယ်။ “အလိမ္မာ စာမှာရှိ” ဆိုတဲ့ ဆိုရိုးစကားလေးကို ကလေးတို့ သိကြတယ်မဟုတ်လား။