နေအိမ်မှ ထွက်ပြေးလာသော အရွယ်မရောက်သေးသည့် အမျိုးသမီးငယ် သုံးဦးကို မိဘများထံ ပြန်လည်အပ်နှံ
ပဲခူးမြို့မှ မန္တလေးမြို့သို့ အလုပ်လုပ်ကိုင်ရန် မိဘများမသိအောင် ထွက်ပြေးလာသော အရွယ်မရောက်သေးသည့် (၉)တန်းကျောင်းသူ သုံးဦးကို သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးအဖွဲ့မှ ထိန်းသိမ်းထားရှိပြီး ဇန်နဝါရီ ၆ ရက် နံနက် ၉နာရီက မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံခဲ့သည်။







