ဩစတြေးလျတောမီး ငြိမ်းသတ်နိုင်ရေး နီကိုးကစ်မန်းနှင့် ခင်ပွန်းတို့ ဒေါ်လာငါးသိန်းလှူဒါန်း
ဟောလိဝုဒ်ကြယ်ပွင့် နီကိုးကစ်မန်းနဲ့ ကန်းထရီးအဆိုတော် ကိတ်အာဘန် တို့ဟာ ဩစတြေးလျတောမီးအတွက် လှူဒါန်းမှုပြုလုပ်ကြတဲ့ အနုပညာရှင် စာရင်းထဲမှာ ဝင်သွားကြပါပြီ။ သူတို့ဇနီးမောင်နှံဟာ ဩစတြေးလျမှာ တောမီးငြိမ်းသတ်နိုင်ရေး ကြိုးပမ်းနေကြတဲ့ မီးသတ်သမားတွေကိုကူညီဖို့ ရန်ပုံငွေ လှူဒါန်းခဲ့ကြပါတယ်။






