ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ပံ့ပိုးမှု တို့ဖြင့် Test & Care ဧရာ၀တီစင်တာ(မန္တလေး) ကို ဒီဇင်ဘာ ၂၂ ရက်တွင် စတင်ဖွင့်လှစ် သွားမည် ဖြစ်ပြီး မန္တလေးခရိုင်အတွင်းရှိ အနံ့ပျောက်သူများကို ကိုဗစ်ရောဂါပိုးရှိ/မရှိ လက်ခံစစ်ဆေးသွားမည်ဟု သိရသည်။