ကိုဗစ်-၁၉ ကာကွယ်ဆေးကို နိုင်ငံပေါင်း ၉၀ ကျော်သို့ ပို့ဆောင်နိုင်ရန် ယူနီဆက်အဖွဲ့ ကြိုးပမ်းနေ
ကိုဗစ်-၁၉ ကာကွယ်ဆေး အဆင်သင့်ဖြစ်သည်နှင့် တစ်ပြိုင်နက် နိုင်ငံပေါင်း ၉၂ နိုင်ငံသို့ ပို့ဆောင်ဖြန့်ဖြူး ပေးနိုင်ရန်အတွက် ကုလသမဂ္ဂကလေးများ အရေးပေါ် ရန်ပုံငွေအဖွဲ့က အဓိကလေကြောင်းလိုင်းများ၊ သင်္ဘောများနှင့် ပို့ဆောင်ရေးဆိုင်ရာ အဖွဲ့အစည်းများအပါအဝင် မိတ်ဖက်အဖွဲ့အစည်းပေါင်း ၃၅၀ ကျော်နှင့် အတူတကွ လုပ်ဆောင်လျက်ရှိကြောင်း ယူနီဆက်အဖွဲ့က နိုဝင်ဘာ ၂၃ ရက်တွင် ပြောကြားခဲ့သည်။