ဗြိတိန်နိုင်ငံမှာ ခရစ္စမတ်အချိန်အတွင်း တားမြစ်မှုတွေ ဖြေလျော့ပေးမယ်
ဗြိတိန်နိုင်ငံမှာ ခရစ္စမတ်အချိန်အတွင်း ကိုရိုနာဗိုင်းရပ်စ်ပိုး ထိန်းချုပ်ရန် အသွားအလာကန့်သတ် တားမြစ်မှုတွေ ဖယ်ရှားပေးမှာ ဖြစ်ပြီး မိသားစု (၃) စုအထိ စုဝေးပြီး ပွဲတော်ကျင်းပခွင့် ပြုမယ်လို့ အင်္ဂါနေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။