ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ယခုလအတွင်း အီရန်သို့ သွားရောက်မည်
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် အမေရိကန်နှင့်အီရန်ကြား ပြေလည်အောင်စေ့စပ်ပေးရန် မျှော်လင့်ချက်ဖြင့် ယခုလလယ်တွင် အီရန်ခေါင်းဆောင်ကြီး အယာတိုလာအလီခါမေနီနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း သတင်းတစ်ပုဒ်က ဖော်ပြခဲ့သည်။