ကာရာဘောင်ဖလား စတုတ္ထအဆင့် ဝက်စ်ဟမ်းနှင့် မန်စီးတီး ယှဉ်ပြိုင်ကစားမည်
ကာရာဘောင်ဖလား စတုတ္ထအဆင့်ပွဲစဉ်အဖြစ် ဝက်စ်ဟမ်းအသင်းနှင့် လက်ရှိချန်ပီယံ မန်စီးတီးအသင်း တို့ ပွဲစဉ်ကို အောက်တိုဘာ ၂၈ ရက် နံနက်တွင် အကြိတ်အနယ်ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။ မန်စီးတီး အသင်းသည် ကာရာဘောင်ဖလားကို နည်းပြ ဂွါဒီယိုလာလက်ထက်တွင် ၂၀၁၇-၁၈ ၊ ၂၀၁၈-၁၉ ၊ ၂၀၁၉-၂၀ ၊ ၂၀၂၀-၂၁ လေးနှစ်ဆက် ဆွတ်ခူးရရှိထားသည်။