အာဖဂန်နစ္စတန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ မြင့်မားနေသဖြင့် ဉဇဘက်-အာဖဂန် နယ်စပ် ယာယီပိတ်

ဉဇဘက်ကစ္စတန်နိုင်ငံက အာဖဂန်နစ္စတန်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ မြင့်မားနေစဉ် နိုင်ငံသားများ ဉဇဘက်-အာဖဂန်နယ်စပ် ဖြတ်သန်းသွားလာမှုကို ယာယီပိတ်ထားခဲ့သည်ဟု ဉဇဘက် ကျန်းမာရေးဝန်ကြီးဌာနက ယနေ့တွင် ပြောကြားသည်။
တောင်ကိုရီးယားနိုင်ငံ၌တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၉၅ ဦး ထပ်မံတွေ့ရှိ
တောင်ကိုရီးယားနိုင်ငံတွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၉၅ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ရောဂါကူးစက်ခံရသူဦးရေ ၁၅၁၉၀၁ ဦးအထိ မြင့်တက်လာသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ဂျပန်အာဏာပိုင်များ အိုလံပစ်ပွဲအတွက် ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေး ဆိုင်ရာ အစီအမံများ ဆွေးနွေး
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဂျပန်အာဏာပိုင်များ၊ အိုလံပစ်ကော်မတီတို့နှင့် မကြာမီကျင်းပတော့မည့် တိုကျိုအိုလံပစ်အားကစားပွဲအတွက် ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေး အစီအမံများနှင့်ပတ်သက်ပြီး ယခုသီတင်းပတ်တွင် ဆွေးနွေးသွားမည်ဟု ပြောကြားသည်။
အီတလီကို ရှုံးနိမ့်ခဲ့သော်လည်း ယူရိုပြိုင်ပွဲနောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့သည့် ဝေးလ်
ယူရို ၂၀၂၀ ချန်ပီယံရှစ်ပြိုင်ပွဲ ပွဲစဉ် (၃) အဖြစ် အုပ်စု (A) မှ ဆွစ်ဇာလန်နှင့် တူရကီ၊ အီတလီနှင့် ဝေးလ်အသင်းတို့ပွဲစဉ်ကို ယမန်နေ့ ညပိုင်းက တစ်ပြိုင်တည်း ယှဉ်ပြိုင်ကစားခဲ့ရာ ဆွစ်ဇာလန်နှင့် တူရကီအသင်းတို့ ပွဲစဉ်တွင် ဆွစ်ဇာလန်အသင်းက သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိပြီး အီတလီနှင့် ဝေးလ် အသင်းတို့ ပွဲစဉ်တွင် အီတလီအသင်းက တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
အရှေ့တောင်အာရှနိုင်ငံများတွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု အမြင့်ဆုံးဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံ၌ ကိုဗစ်-၁၉ အတည်ပြုလူနာ နှစ်သန်းကျော်ရှိ

ဂျပန်နိုင်ငံရဲ့ ကိုဗစ်-၁၉ အခြေအနေနဲ့ အိုလံပစ်ဂိမ်းတို့ရဲ့ အားပြိုင်မှု

အိန္ဒိယနိုင်ငံရှိ  ရှူးဖိနပ်စက်ရုံတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားပြီးနောက်  လူခြောက်ဦးပျောက်ဆုံးနေ
အိန္ဒိယနိုင်ငံ အနောက်ဒေလီရှိ ရှူးဖိနပ်စက်ရုံ၌ ယနေ့တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီးနောက် လူခြောက်ဦးထက် မနည်း ပျောက်ဆုံးနေသည်ဟု အကြီးတန်းမီးသတ်ဦးစီးဌာနအရာရှိတစ်ဦးက အတည်ပြုပြောကြားသည်။