မည်သူမျှမကျန်ရစေဘဲ ပူးပေါင်းလုပ်ဆောင်
လူတို့သည် ဘေးဒုက္ခကြုံတွေ့နေချိန်တွင် တစ်ဦးအပေါ်တစ်ဦး ရိုင်းပင်း ကူညီလေ့ရှိသည်။ ပုံမှန်ကာလများထက် ဒုက္ခအခက်အခဲကြုံတွေ့နေချိန်တွင် ဖေးမကူညီစောင့်ရှောက်ပေးခြင်းသည် မိတ်ဆွေကောင်းမည်သလို မင်္ဂလာ တစ်ပါးလည်းဖြစ်သည်။ အထူးသဖြင့် မတူကွဲပြားသူများအား ဖေးမကူညီ ပေးသည်မှာ လူသားချင်းစာနာထောက်ထားသည့် မေတ္တာစိတ်အစစ်အမှန် ဖြစ်သည်။