ယနေ့သည်ဖေဖော်ဝါရီလ ၁၂ ရက်နေ့၊ (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့ ဖြစ်သည်။ တစ်တိုင်းပြည်လုံး သွေးစည်းညီညွတ်ကြောင်းကို သက်သေထူပြနိုင်သည့် နေ့ထူးနေ့မြတ်ဖြစ်သည်။ ညီညွတ်သော ပြည်ထောင်စုကို သက်သေပြနိုင်သဖြင့် လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်ဆိုင်သည့် ပြည်ထောင်စုနိုင်ငံတော်ကြီးအဖြစ် ခိုင်မြဲစွာရပ်တည်လျက်ရှိသည်။