ပြင်ဦးလွင်မြို့နယ်မှ ထွက်လာသည့် စတော်ဘယ်ရီသီးများ မန္တလေးဈေးကွက်တွင် အရောင်းအဝယ်သွက်
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်မှ ထွက်ရှိသည့် စတော်ဘယ်ရီသီးများ ဇန်နဝါရီလအတွင်း လှိုင်လှိုင်ထွက်ရှိလျက်ရှိရာ မန္တလေးမြို့ရှိ သစ်သီးပွဲရုံများသို့ ပို့ဆောင်ရောင်းချလျက်ရှိပြီး ဈေးကွက်အတွင်း အရောင်းအဝယ် ကောင်းနေကြောင်း စတော်ဘယ်ရီ စိုက်တောင်သူများ၏ ပြောပြချက်အရ သိရသည်။