ယခုဘဏ္ဍာနှစ်တွင် ငရုတ်စိုက်ဧက ၆၀ စိုက်ပျိုးပြီး အခြောက်ခံစက်များ အသုံးပြုကာ မှိုဆိပ်ပါဝင်မှုကို လျှော့ချသွားမည်
ရမည်းသင်းမြို့နယ်၌ ယခုဘဏ္ဍာနှစ်၌ Food Safety Project အစီအစဉ်ဖြင့် ငရုတ်စိုက်ဧက ၆၀ စိုက်ပျိုးပြီး အခြောက်ခံစက်များ အသုံးပြုကာ မှိုဆိပ်ပါဝင်မှုကို လျှော့ချသွားမည်ဖြစ်ကြောင်း ရမည်းသင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ ဒုတိယဦးစီးမှူး ဦးသန်းဝင်းက ပြောကြားသည်၊၊