ကလိန်အောင်မြို့၌ ပြောင်းဖူးပင်များကို စီးပွားဖြစ် ကျယ်ပြန့်စွာ စိုက်ပျိုးလာ
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့တွင် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်လျက်ရှိရာ ဆောင်းသီးနှံတစ်မျိုးဖြစ်သည့် ပြောင်းဖူးပင်များ စိုက်ပျိုးခြင်းကိုလည်း စီးပွားဖြစ် ကျယ်ပြန့်စွာ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ရေကြည်ရွာတွင် ပန်းစည်းနှီးနှင့်ပျိုးနှီးဖြာလုပ်ငန်း စတင်လုပ်ကိုင်
မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် ရေကြည်စံပြကျေးရွာတွင် တန်ဆောင်မုန်းလကုန် နတ်တော် လဆန်းမှစတင်ကာ ပန်းစည်းနှီးနှင့် ပျိုးနှီးဖြာသည့်လုပ်ငန်းကို စတင်လုပ်ကိုင်လျှက်ရှိရာ ပုံမှန်ဝင်ငွေရရှိကြောင်း သိရသည်။
မွန်းလွဲပိုင်း ရွှေဈေး
နံနက်ပိုင်း ရွှေဈေး
ပုဂံ-ညောင်ဦးမြို့ရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ပြန်လည်ဖွင့်လှစ်နိုင်ရေး ကွင်းဆင်းစစ်ဆေး

မိုးကုတ်မြို့တွင် ယာယီပိတ်ထားသော ကျောက်မျက်ရတနာဈေး(ထာပွဲ)များ မကြာမီ ပြန်လည်ဖွင့်လှစ်တော့မည်
မိုးကုတ်မြို့တွင် ယာယီပိတ်ထားခဲ့သော ကျောက်မျက်ရတနာများရောင်းဝယ်ရာ အဓိကနေရာများ ဖြစ်ကြသည့် ပန်းခြံထာပွဲစျေးနှင့် မဏိမင်္ဂလာကျောက်မျက်ဈေးတို့ကို မြို့နယ် ကိုဗစ်-၁၉ တားဆီးကာကွယ်ရေးနှင့် အရေးပေါ်တုံပြန်မှုကော်မတီနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီတို့၏ ခွင့်ပြုချက် တို့ဖြင့် ဒီဇင်ဘာ(၂၀)ရက်တွင် ပြန်လည်ဖွင့်လှစ်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။