တမူး-အိန္ဒိယ နယ်စပ်စျေးများ ပိတ်ထားသဖြင့် မျောက်ငိုသီးပွဲရုံများတွင် ကုန်ကြမ်းများ စျေးကွက်ပိတ်ဆို့မှု ဖြစ်ပေါ်နေ

COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်သည့် အနေဖြင့် တမူးမြို့နှင့် အိန္ဒိယနယ်စပ်စျေးများ ပိတ်ထားသဖြင့် မျောက်ငိုသီးပွဲရုံများတွင် ကုန်ကြမ်းများမရောင်းချနိုင်ဘဲ စျေးကွက်ပိတ်ဆို့မှုများ ဖြစ်ပေါ်နေကြောင်း တမူးမြို့ မျောက်ငိုသီး ဝယ်ယူရောင်းချသူများထံမှ သိရသည်။