တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ရှိ ရေလှောင်တမံများ၏ ရေပိုလွှဲမှ ရေကျော်ကျမှုအခြေအနေ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တည်ဆောက်ထိန်းသိမ်းထားသည့် ရေလှောင်တမံများအနက် အချို့သောရေလှောင်တမံများတွင် မိုးရွာသွန်းမှုအားကောင်း၍ သတ်မှတ်ကန်ရေပြည့်မှတ် ထက်ကျော်လွန်ကာ ရေပိုလွှဲများမှ ရေကျော်ကျစီးထွက်လျက်ရှိသည်။